Translate

အပတ်စဉ် Task Reporting မူဝါဒအား ထုတ်ပြန်ကြေငြာခြင်း

 ၁။    Michili Trading Co., Ltd လက်အောက်ရှိ ဆီသင်္ဘောများတွင် ရာထူးအသီးသီးအလိုက် တာဝန်ထမ်းဆောင်နေကြ သည့် ဝန်ထမ်းများအားလုံးအနေဖြင့် သင်္ဘောထွက်ခွာသည့်ကာလဖြစ်စေ ရပ်နားထားသည့်ကာလဖြစ်စေ မိမိတာဝန်ယူထားရှိ သည့် လုပ်ငန်းတာဝန်များမှ ပုံမှန်လုပ်ကိုင်‌ဆောင်ရွက်ရန်လိုအပ်သည့်လုပ်ငန်းစဉ်များ အထူးသဖြင့် သန့်ရှင်းရေးလုပ်ငန်း နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို မပျက်မကွက် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

၂။    သို့ဖြစ်ပါ၍ Weekly Task Reporting Policy အား အောက်ဖော်ပြပါအတိုင်း သတ်မှတ်လိုက်သည်ဖြစ်ကြောင်း  သက်ဆိုင်ရာဝန်ထမ်းအားလုံးသိရှိနိုင်စေရန်နှင့် တိကျစွာလိုက်နာဆောင်ရွက်နိုင်ရန် ရုံးစာဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်-

  • ဝန်ထမ်းများအနေဖြင့် တစ်ပတ်တာ ဆောင်ရွက်ရန် စီစဉ်ထားရှိသည့် လုပ်ငန်းတာဝန်များကို ပူးတွဲပါ Weekly Task Report Form တွင် Plan Date, Task Description နှင့် Priority Box တို့တွင် ဖြည့်သွင်း၍ အပတ်စဉ်တနင်္လာနေ့တွင် Supervisor ထံ တင်ပြကြရမည်။
  • Supervisor မှ တင်ပြလာသည့် Report Form အချက်အလက်များအပေါ် Feedback များပြောကြား၍ ခွင့်ပြု သည် မပြုသည်ကို Supervisor Comment Box တွင် ဖြည့်သွင်းရမည်။
  • Supervisor Comment Box  Reject များအား တိကျသော အကြောင်းပြချက်များဖြင့် ဖော်ပြရပါမည်။
  • အပတ်စဉ် စနေနေ့တွင် Supervisor မှ BOD ထံ တင်ပြနိုင်ရန်အတွက် Complete Progress အား follow up လုပ်ဆောင်ရမည်။
  • ဤမူဝါဒအား ပြန်လည်ရုတ်သိမ်းသည့် ရုံးအမိန့်စာမထွက်သည့်တိုင် အသက်ဝင်သည်ဖြစ်၍ စဉ်ဆက်မပြတ် လုပ်ဆောင်ကြရမည်ဖြစ်သည်။

 

 

ရက်စွဲ               ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့

စာအမှတ် ။          LF/HR/OL/23-004

 

ပူးတွဲပါ

  • Weekly Task Report Form





ဦးသိန်းလွင် (ခ) ဦးဝါး (Managing Director)




Comments