ကုမ္ပဏီမှသတ်မှတ်ပြဌာန်းထားသည့် စည်းကမ်းစည်းမျဉ်းများအား ဝန်ထမ်းအားလုံးအနေဖြင့် သိရှိ လိုက်နာကြရန်တာဝန်ရှိကြောင်း ထပ်မံညွှန်ကြားခြင်း
၁။ Michili Trading Co., Ltd လက်အောက်ရှိ ဌာနအသီးသီးတွင်တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်လိုအပ်ချက်များအရ ဝန်ထမ်းလက်စွဲစာအုပ်တွင်သတ်မှတ်ပြဌားန်ထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့် အခါ အားလျှော်စွာထုတ်ပြန်ကြေငြာသော ရုံးတွင်းညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်ကြရန် ဝန်ထမ်းတိုင်းတွင်တာဝန် ရှိသည်။
၂။ ထိုသို့သိရှိလိုက်နာနိုင်ရန်အတွက်
ဝန်ထမ်းရေးရာဌာနမှထုတ်ပြန်ကြေငြာသော ညွှန်ကြားစာများကို ဌာနတာဝန်ခံ များအနေဖြင့်
မိမိလက်အောက်ငယ်သားများအား အသိပေးရှင်းလင်းခြင်းဆိုင်ရာ Briefing (အချိန်မကြာမြင့်သည့်အစည်း အဝေး) များပြုလုပ်ဆောင်ရွက်ပေးခြင်း
နှင့် ထိုစည်းမျဉ်းစည်းကမ်းဆိုင်ရာ ညွှန်ကြားစာများအား လွယ်ကူစွာလေ့လာသိရှိနိုင် ရန်အတွက်
ဝန်ထမ်းအားလုံးမြင်သာမည့် လုပ်ငန်းနေရာတွင် ချိတ်ဆွဲထားပေးရန်တာဝန်ရှိသည်။
ပူးတွဲပါ
- ဝန်ထမ်းလက်စွဲစာအုပ်တွင်
သတ်မှတ်ပြဌာန်းထားသည့် စည်းကမ်းချက်များ (၂)ရွက်
ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့
စာအမှတ် ။ ။ LF/HR/OL/24-002
ဦးဟန်စည်သူထက် (ဝန်ထမ်းရေးရာဌာန)
သာမန်ပြစ်မှု |
ကြီးလေးသောပြစ်မှု |
Comments
Post a Comment