Translate

ဝယ်ယူပြင်ဆင်ရေးလုပ်ငန်းစဉ်မူဝါဒအား ထုတ်ပြန်ကြေငြာခြင်း

၁။        Michili Trading Co., Ltd လက်အောက်ရှိ Cash Book Section နှင့် Purchasing Section တွင် တာဝန် ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းများအားလုံးအနေဖြင့် ဝယ်ယူပြင်ဆင်ရေးလုပ်ငန်းစဉ်အား အောက်ဖော်ပြပါ မူဝါဒအတိုင်း တိတိပပ လိုက်နာဆောင်ရွက်ရန် (မဖြစ်မနေ) လိုအပ်ကြောင်း ညွှန်ကြားလိုက်သည်-

  • ဌာနအသီးသီးမှ ဝယ်ယူပြင်ဆင်ရေးအတွက် တောင်းဆိုလာသည့်အပေါ် Purchasing Section မှ လိုအပ်သော ဝယ်ယူပြင်ဆင်ရေးများအတွက် ဦးစွာသွားရောက်စီစစ်အကဲဖြတ်ခြင်း (Assessment) ပြုလုပ်ရမည်။
  • ထို့နောက် လိုအပ်သော အဝယ်ပစ္စည်းများကို သက်ဆိုင်ရာဌာနနှင့်ပူးပေါင်း၍ စာရင်းပြုစုပြီး Cash Book Section သို့ တင်သွင်းရမည်။
  • ထိုသို့တင်သွင်းလာသည့် အဝယ်ပစ္စည်းများ၏ ဈေးနှုန်းများကို Cash Book Section မှ “ဝယ်ယူခွင့် ပြုထား သည့်ဆိုင်စာရင်း” (Vender List) တွင် ပါရှိသည့် ဆိုင်များသို့ ဖုန်းဆက်၍ဖြစ်စေ ဈေးနှုန်းစုံစမ်းရန်နှင့် အချက်အလက်များရရှိပါက Purchasing Form တွင် ဖြည့်သွင်း၍ BOD ထံ တင်ပြရမည်။
  • BOD မှ ခွင့်ပြုချက်ရရှိပါက ဝယ်ယူခြင်းလုပ်ငန်းစဉ်ကိုစတင်ရမည်။
    • Cash Down Purchase လုပ်ငန်းစဉ်အတွက် Cash Book Section မှ ဦးဆောင်၍ ဝယ်ယူခြင်း လုပ်ငန်းစဉ်ကို သွားရောက်ဆောင်ရွက်ကြရမည်။
    • Credit Purchase လုပ်ငန်းစဉ်ဖြစ်ပါက Purchasing Section အနေဖြင့်သာ သွားရောက်ဝယ် ယူနိုင် ပြီး စာရွက်စာတမ်းများအား Cash Book Section သို့ပြန်လည်အပ်နှံရမည်။ ထို Credit Purchase အတွက် Cash Book Section မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ (သို့) ကြာသပတေးနေ့တွင် သွားရောက် ငွေပေးချေရမည်။
  • ဝယ်ယူရရှိလာသည့် ပစ္စည်းများအား Purchasing Section မှ အဝယ်တင်သည့်ဌာနသို့ သွားရောက်ပေးအပ် ရန်နှင့် ပေးအပ်ပြီးသည်နှင့် တပြိုင်နက် Cash Book Section အား ဆက်သွယ်အကြောင်းကြားပေးရမည်။
  • ထိုသို့ Purchasing Section မှ သွားရောက်ပေးအပ်သည့် ပစ္စည်းများအား Cash Book Section မှ နေ့ချင်း အတွင်း အဝယ်တင်သည့်ဌာနသို့ ဖုန်းဆက်၍ follow up လိုက်ရန်နှင့် BOD ထံ update status တင်ပြရမည်။

 

၂။        အထက်ပါလုပ်ငန်းစဉ်များသည် မပျက်မကွက်လုပ်ဆောင်ရန်လိုအပ်ပြီး လုပ်ဆောင်ရန်ပျက်ကွက်ခြင်း၊ ပေါ့လျော့စွာ စီစစ်ခြင်၊ မိမိလက်ဝယ်၌နောက်နှေးကြန့်ကြာမှုကြောင့် Operation လုပ်ငန်းစဉ်တွင် အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်ခြင်း နှင့် မသမာမှုပြုလုပ်ခြင်းတို့အတွက် အရေးယူအပြစ်ပေးသွားမည်ဖြစ်ပါသည်။

 

 

ရက်စွဲ               ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့

စာအမှတ် ။         LF/HR/OL/23-003


Mi Mi Thein Lwin (Board of Director)

Comments