Translate

ကျင့်ဝတ်နှင့်မညီသည့်ဝန်ထမ်းများကို ကုမ္မဏီသို့အသိပေးအကြောင်းကြားရန်

Michili Trading Co., Ltd ၏ မြို့နယ်အသီးသီးတွင် ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးအနေဖြင့် အောက်ပါသတင်းအချက်အလက်များနှင့်ပတ်သက်၍ သိရှိဆောင်ရွက်နိုင်ရန်အတွက် ရုံးအမိန့်စာဖြင့် အသိပေးထုတ်ပြန်ကြေငြာလိုက်ပါသည်-

(က)    ရာထူးအသီးသီးအလိုက် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ သော်လည်းကောင်း၊ လုပ်ငန်းခွင်အနေအထားနှင့်ပတ်သက်၍သော်လည်းကောင်း လိုအပ်လာပါက မိမိ အထက်လူကြီးအပါအဝင် မည်သူ့ကိုမဆို အပြုသဘောဆောင်သည့်အနေဖြင့် ပြောဆိုပိုင်ခွင့်၊ မေးမြန်းပိုင် ခွင့်၊ အချက်အလက်များတောင်းယူပိုင်ခွင့်၊ တားမြစ်ပိုင်ခွင့် စသည့် လုပ်ပိုင်ခွင့် (Authority) များ အပြည့်အဝရှိ သည်။

ဉပမာ   - Account တစ်ယောက်အနေဖြင့် မိမိတာဝန်ယူဆောင်ရွက်နေရသည့် စာရင်းဇယား များနှင့် ပတ်သက်၍ လိုအပ်ပါက မည်သူ့ကိုမဆို မေးမြန်းပိုင်ခွင့်အပြည့်အဝရှိသည့်အပြင် သတ်မှတ် ထားသည့် လုပ်ငန်းစဉ်အဆင့်များအတိုင်း ဆောင်ရွက်ပေးရန် ပြောဆိုပိုင်ခွင့်ရှိသည်။

(ခ)    ကုမ္ပဏီဝန်ထမ်းတစ်ဦးအနေဖြင့် ကျင့်ဝတ်နှင့်မညီသည့် အောက်ပါလက္ခဏာများရှိသည့် မည်သည့် ဝန်ထမ်းကို မဆို ကုမ္ပဏီသို့ အသိပေးတင်ပြပါက သတင်း၏ အကြီး/အသေးအပေါ်မူတည်၍ ထိုက်တန် သည့် ဆုကြေးများကို ပေးအပ်သွားပါမည်။ အသိပေးတင်ပြသည့်ဝန်ထမ်း၏ အမည်မပေါက်ကြားစေရန် ကုမ္ပဏီမှ အပြည့်အဝတာဝန်ယူ ပါသည်။ သတင်းပေးပို့ရန်ပျက်ကွက်ခဲ့ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

  • အလောင်းကစားပြုလုပ်ခြင်း
  • တာဝန်ချိန်အတွင်း အရက်အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲခြင်း
  • ငွေကြေး၊ အခွင့်အာဏာ တို့ကို အလွဲသုံးစားပြုလုပ်ခြင်း
  • ကုမ္ပဏီ၏ ရောင်းကုန်ဖြစ်သည့် စက်သုံးလောင်စာဆီနည်းတူ ကိုယ်ပိုင်စီးပွားရေးပြုလုပ်ခြင်း
  • တခြားသောအလုပ်တစ်ခုတွင် အခကြေးငွေရယူ၍ လုပ်ကိုင်ဆောင်ရွက်ခြင်း
  • ကုမ္ပဏီနှင့်ချိတ်ဆက်လုပ်ကိုင်နေသည့် Supplier/Outsource များဖြင့် မိမိကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ ပြုလုပ်ဆောင်ရွက်ခြင်း

 

ရက်စွဲ              ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ( ၂၀ )ရက်နေ့

စာအမှတ်         LF/HR/OL/23-001

 



ဦးဟန်စည်သူထက် (ဝန်ထမ်းရေးရာဌာန)

Comments